ခရီးစဉ်အစီအစဉ်

CHINA Trip - သွားမည့်နေရာများ

Chongqing · Wulong · Zhangjiajie · ၇ ညအိပ် / ၈ ရက်

ကြာချိန်
၇ ညအိပ် / ၈ ရက်
ခရီးသွားမည့် ရက်
January 2027 ( ရက် အတိအကျအား ပြန်လည်ကြေညာပါမည် )

ယခု ခရီးစဉ် အစီအစဉ် များမှာ မျှော်မှန်းမရနိုင်သော အခြေအနေ တစ်ခုခု ရှိခဲ့ပါက အပြောင်းအလဲ ရှိနိုင်ပါသည်။

  1. 1

    Day ၁ · ရက်စွဲ ထပ်မံကြေညာမည်

    ရန်ကုန် - ချုံချင်း (Chongqing)

    Chongqing skyline at dusk
    ချုံချင်း — တောင်ကုန်းမြို့တော်
    • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် CHAMPION မှ တာဝန်ရှိသူများနှင့် Grand Century Tour မှ Tour Leader များက နွေးထွေးစွာ ကြိုဆိုတွေ့ဆုံပြီး အတူတကွ ထွက်ခွာကြပါမည်။
    • ထို့နောက် တောင်ကုန်းများ၊ မြစ်နှစ်စင်းနှင့် ခေတ်မီမြို့ပြအလှများ ပေါင်းစပ်ထားသော တရုတ်နိုင်ငံ၏ အထင်ကရမြို့များအနက် တစ်ခုဖြစ်သည့် Chongqing (ချုံချင်းမြို့) သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာပါမည်။
    • Chongqing မြို့သို့ ရောက်ရှိပြီးနောက် လူဝင်မှုကြီးကြပ်ရေး (Immigration) လုပ်ငန်းစဉ်များကို ဆောင်ရွက်ကာ ဒေသအစားအစာများဖြင့် ကြိုဆိုဧည့်ခံမည့် Welcome Dinner ကို သုံးဆောင်ပါမည်။
    • ထို့နောက် ဟိုတယ်သို့ Check-in ဝင်ရောက်ပြီး အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
    ✈️ Yangon → Chongqing🏙️ Mountain City🍽️ Welcome Dinner🏨 Hotel Check-in

    🧳 သတိပြုရန် — မနက်ဖြန်တွင် ဟိုတယ်မှ Check-out ထွက်ပြီး Zhangjiajie မြို့သို့ ကူးပြောင်းရမည်ဖြစ်ပါသည်။ ပစ္စည်းများကို ယနေ့ညတွင် ကြိုတင် ထုပ်ပိုးထားပါရန် အသိပေးအပ်ပါသည်။

  2. 2

    Day ၂ · ရက်စွဲ ထပ်မံကြေညာမည်

    ချုံချင်း - ကျန်ကျားကျဲ (Zhangjiajie)

    Tianmen Mountain and Heaven's Gate
    Tianmen တောင် · Heaven's Gate
    • 📌 ယနေ့သည် Hotel မှ Check-out ပြုလုပ်ရမည့်နေ့ဖြစ်ပါသည်။
    • နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Check-out ပြုလုပ်ကာ Chongqing မှ Zhangjiajie သို့ High-Speed Rail ဖြင့် ထွက်ခွာပါမည်။ ခရီးစဉ်ကြာမြင့်ချိန် ၃ နာရီခန့် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာ့အဆင့်မီ အမြန်ရထားဝန်ဆောင်မှုကို တွေ့ကြုံခံစားနိုင်ပါမည်။
    • ရောက်ရှိပြီးနောက် Tianmen Mountain National Forest Park သို့ ကမ္ဘာ့အရှည်ဆုံး Mountain Cable Car နှင့် တောင်အတွင်း တည်ဆောက်ထားသော Escalator တို့ဖြင့် တက်ရောက်ကာ Tianmen Cave (Heaven's Gate) ၏ အထင်ကရ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်ပါမည်။
    • ညနေပိုင်းတွင် 72 Strange Building (72 Wonders Tower) သို့ သွားရောက်လည်ပတ်ပါမည်။ ရိုးရာဗိသုကာလက်ရာနှင့် ခေတ်မီမီးအလှများ ပေါင်းစပ်ထားသော ဤနေရာသည် Zhangjiajie ၏ အထင်ကရ Landmark များအနက် တစ်ခုဖြစ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။
    • ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်သို့ Check-in ဝင်ရောက်ကာ အေးချမ်းစွာ အနားယူပါမည်။
    🚄 High-Speed Rail🚠 Tianmen Mountain🚪 Heaven's Gate🏮 72 Strange Building
  3. 3

    Day ၃ · ရက်စွဲ ထပ်မံကြေညာမည်

    ကျန်ကျားကျဲ (Zhangjiajie) အမျိုးသားသစ်တောဥယျာဉ်

    Yuanjiajie sandstone pillars in Zhangjiajie
    Yuanjiajie — Avatar တောင်ထိပ်များ
    • နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Zhangjiajie National Forest Park သို့ ထွက်ခွာပါမည်။
    • ကမ္ဘာ့အမြင့်ဆုံး Outdoor Glass Elevator အဖြစ် လူသိများသော Bailong Elevator (Hundred Dragons Elevator) ဖြင့် တောင်ထိပ်သို့ တက်ရောက်ပါမည်။
    • ထို့နောက် Yuanjiajie Scenic Area နှင့် Mihun Platform သို့ လည်ပတ်ကာ Avatar ရုပ်ရှင်၏ မျောပါကျောက်တောင်များ ဖန်တီးရာတွင် Inspiration ရရှိခဲ့သည့် သဘာဝရှုခင်းများကို ကြည့်ရှုနိုင်ပါမည်။
    • မိုးတိမ်များကြားမှ ထိုးထွက်နေသော ကျောက်တောင်တန်းများနှင့် Panorama View များသည် အမှတ်တရဓာတ်ပုံများ ရိုက်ကူးရန်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။
    • ညနေပိုင်းတွင် Local Restaurant ၌ ညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ကာ အနားယူပါမည်။
    🌍 UNESCO World Heritage🛗 Bailong Elevator🎬 Avatar Mountains📸 Yuanjiajie Scenic Area

    🧳 သတိပြုရန် — မနက်ဖြန်တွင် ဟိုတယ်မှ Check-out ထွက်ပြီး Chongqing (ချုံချင်း) မြို့သို့ ပြန်လည်ကူးပြောင်းရမည် ဖြစ်ပါသည်။ ပစ္စည်းများကို ယနေ့ညတွင် ကြိုတင် ထုပ်ပိုးထားပါရန် အသိပေးအပ်ပါသည်။

  4. 4

    Day ၄ · ရက်စွဲ ထပ်မံကြေညာမည်

    ကျန်ကျားကျဲ - ချုံချင်း

    Bailong glass elevator on a cliff face
    Bailong ဓာတ်လှေကား
    • 📌 ယနေ့သည် Hotel မှ Check-out ပြုလုပ်ရမည့်နေ့ဖြစ်ပါသည်။
    • နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ကမ္ဘာ့အထင်ကရ Glass Bridge များအနက် တစ်ခုဖြစ်သော Zhangjiajie Grand Canyon Glass Bridge သို့ ထွက်ခွာပါမည်။
    • Glass Bridge ပေါ်မှ Zhangjiajie Grand Canyon ၏ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်သည့်အပြင် Zipline စီးနင်းကာ ချိုင့်ဝှမ်းကို အပေါ်စီးမှ ဖြတ်သန်းရသည့် ထူးခြားသော အတွေ့အကြုံကို ခံစားနိုင်ပါမည်။
    • နေ့လယ်စာကို သုံးဆောင်ပြီးနောက် Zhangjiajie မှ Chongqing သို့ High-Speed Rail ဖြင့် ပြန်လည်ထွက်ခွာပါမည်။ ခရီးစဉ်ကြာမြင့်ချိန် ၃ နာရီခန့် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခေတ်မီအမြန်ရထားဝန်ဆောင်မှုကို ထပ်မံတွေ့ကြုံနိုင်ပါမည်။
    • ညနေပိုင်းတွင် "Mountain City" ဟု ကျော်ကြားသော Chongqing မြို့သို့ ရောက်ရှိကာ တောင်ကုန်းများကြား တည်ဆောက်ထားသော မြို့ပြဒီဇိုင်း၊ Yangtze မြစ် ကမ်းတစ်လျှောက်ရှိ ရောင်စုံမီးအလှများနှင့် မြို့၏ ညအငွေ့အသက်ကို လေ့လာနိုင်ပါမည်။
    • ညစာကို ကမ္ဘာ့အကြီးဆုံး Hotpot Buffet Restaurant တွင် သုံးဆောင်ကာ Chongqing ၏ အထင်ကရ Hotpot အရသာကို မြည်းစမ်းနိုင်ပါမည်။
    • ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-in ဝင်ရောက်ကာ အေးချမ်းစွာ အနားယူပါမည်။
    🌉 Grand Canyon Glass Bridge🪂 Zipline🚄 High-Speed Rail🌃 Chongqing Night View🍲 Chongqing Hotpot
  5. 5

    Day ၅ · ရက်စွဲ ထပ်မံကြေညာမည်

    ချုံချင်း (Chongqing)

    Hongya Cave illuminated at night
    Hongya Cave ညအလှ
    • နံနက်စာကို ဟိုတယ်တွင် အေးချမ်းစွာ သုံးဆောင်ကြပါမည်။
    • အထပ်မြင့်အဆောက်အအုံအတွင်း ဖြတ်သန်းသွားသောကြောင့် ကမ္ဘာတစ်ဝှမ်းနှင့် Social Media များတွင် အထင်ကရနေရာတစ်ခုအဖြစ် လူသိများသည့် Liziba Monorail Station သို့ သွားရောက်လည်ပတ်ပါမည်။
    • ထို့နောက် Chongqing မြို့၏ နာမည်ကျော် Shopping Center များရှိရာ Jiefangbei CBD သို့ သွားရောက်ကာ ကမ္ဘာကျော် Luxury Brand များတွင် အေးဆေးစွာ အချိန်ယူ Shopping ပြုလုပ်နိုင်ပါမည်။
    • ညနေပိုင်းတွင် ရိုးရာ Diaojiaolou ဗိသုကာလက်ရာနှင့် ရောင်စုံမီးအလှများကြောင့် Chongqing ၏ အထင်ကရ Photo Spot များအနက် တစ်ခုဖြစ်သော Hongyadong သို့ သွားရောက်လည်ပတ်ပါမည်။
    • ထို့နောက် Yangtze River Cruise ဖြင့် စီးနင်းကာ Yangtze နှင့် Jialing မြစ်နှစ်စင်းဆုံရာတစ်လျှောက်ရှိ ရောင်စုံမီးအလှများ၊ မြို့ပြရှုခင်းများနှင့် "Mountain City" Chongqing ၏ ညအလှကို ကြည့်ရှုနိုင်ပါမည်။
    • Cruise အပြီး ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ကာ အေးချမ်းစွာ အနားယူပါမည်။
    🚝 Liziba Monorail🛍️ Jiefangbei CBD🏮 Hongyadong🚢 Yangtze River Cruise

    🧳 သတိပြုရန် — မနက်ဖြန်တွင် ဟိုတယ်မှ Check-out ထွက်ပြီး Wulong (ဝူလုံ) သို့ ကူးပြောင်းရမည် ဖြစ်ပါသည်။ ပစ္စည်းများကို ယနေ့ညတွင် ကြိုတင် ထုပ်ပိုးထားပါရန် အသိပေးအပ်ပါသည်။

  6. 6

    Day ၆ · ရက်စွဲ ထပ်မံကြေညာမည်

    ချုံချင်း - ဝူလုံ

    Three Natural Bridges in Wulong
    ဝူလုံ — သဘာဝတံတား ၃ စင်း
    • 📌 ယနေ့သည် Hotel မှ Check-out ပြုလုပ်ရမည့်နေ့ဖြစ်ပါသည်။
    • နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Check-out ပြုလုပ်ကာ Chongqing မှ Wulong သို့ ကားဖြင့် ထွက်ခွာပါမည်။ ခရီးစဉ်ကြာမြင့်ချိန် ၃ နာရီခန့် ဖြစ်ပြီး တောင်တန်းများနှင့် သဘာဝရှုခင်းများကြားမှ ဖြတ်သန်းသွားရသည့် ခရီးလမ်းအလှကို ခံစားနိုင်ပါမည်။
    • ရောက်ရှိပြီးနောက် UNESCO ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင် Wulong Karst National Geology Park သို့ သွားရောက်လည်ပတ်ပါမည်။
    • ထို့နောက် Three Natural Bridges သို့ သွားရောက်လည်ပတ်ပါမည်။ ဤနေရာသည် Transformer: Age of Extinction ရုပ်ရှင် ရိုက်ကူးခဲ့သည့် ကမ္ဘာကျော်နေရာတစ်ခုဖြစ်ပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာသော ဧရာမကျောက်တံတား (၃) စင်းကြောင့် လူသိများပါသည်။
    • ခရီးစဉ်အတွင်း Wulong Sightseeing Elevator နှင့် Battery Car တို့ကို စီးနင်းကာ ထုံးကျောက်တောင်များ၊ ချောက်ကမ်းပါးများနှင့် သဘာဝရှုခင်းများကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးနိုင်ပါမည်။
    • ညနေပိုင်းတွင် သတ်မှတ်ထားသော ဟိုတယ်သို့ Check-in ဝင်ရောက်ပြီး Local Restaurant ၌ ညစာသုံးဆောင်ကာ အေးချမ်းစွာ အနားယူပါမည်။
    🌍 UNESCO World Heritage🌉 Three Natural Bridges🎬 Transformer Filming Location🚡 Wulong Sightseeing Elevator

    🧳 သတိပြုရန် — မနက်ဖြန်တွင် ဟိုတယ်မှ Check-out ထွက်ပြီး ချုံချင်းမြို့သို့ ပြန်လည်ထွက်ခွာရမည် ဖြစ်ပါသည်။ ပစ္စည်းများကို ယနေ့ညတွင် ကြိုတင် ထုပ်ပိုးထားပါရန် အသိပေးအပ်ပါသည်။

  7. 7

    Day ၇ · ရက်စွဲ ထပ်မံကြေညာမည်

    ဝူလုံ - ချုံချင်း

    Fairy Mountain grassland in Wulong
    Fairy Mountain
    • 📌 ယနေ့သည် Hotel မှ Check-out ပြုလုပ်ရမည့်နေ့ဖြစ်ပါသည်။
    • နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Check-out ပြုလုပ်ကာ Fairy Mountain (နတ်သမီးတောင်တန်း) သို့ ထွက်ခွာပါမည်။ စိမ်းလန်းကျယ်ပြန့်သော မြက်ခင်းပြင်များ၊ ထင်းရှူးတောများနှင့် အေးမြသော ရာသီဥတုကြောင့် "Eastern Switzerland" ဟု လူသိများသော သဘာဝအပန်းဖြေဒေသတစ်ခု ဖြစ်ပါသည်။
    • Mini Train ဖြင့် တောင်တန်းတစ်လျှောက် လှည့်လည်နိုင်မည်ဖြစ်ပြီး ကျယ်ပြန့်သော မြက်ခင်းပြင်များ၊ တောင်တန်းရှုခင်းများနှင့် ရာသီအလိုက် ပြောင်းလဲနေသော သဘာဝအလှတရားများကို ကြည့်ရှုနိုင်ပါမည်။ (ခရီးစဉ်အား ရာသီဥတုနှင့် လမ်းပိတ်ဆို့မှုအခြေအနေပေါ်မူတည်၍ အနည်းငယ် ပြောင်းလဲနိုင်ပါသည်။)
    • မွန်းလွဲပိုင်းတွင် Chongqing မြို့သို့ ပြန်လည်ထွက်ခွာပြီး Raffles City Chongqing သို့ သွားရောက်လည်ပတ်ပါမည်။ Yangtze နှင့် Jialing မြစ်ဆုံရာတွင် တည်ရှိသော ဤအထင်ကရ Complex သည် The Crystal Sky Bridge ကြောင့် လူသိများပြီး Shopping နှင့် မြို့ပြရှုခင်းများကို တစ်နေရာတည်းတွင် ခံစားနိုင်ပါမည်။
    • ညနေပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ကာ အေးချမ်းစွာ အနားယူပါမည်။
    🏔️ Fairy Mountain🚂 Mini Train🏙️ Raffles City Chongqing🌉 The Crystal Sky Bridge

    🧳 သတိပြုရန် — မနက်ဖြန်တွင် ဟိုတယ်မှ Check-out ထွက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရမည် ဖြစ်ပါသည်။ ပစ္စည်းများကို ယနေ့ညတွင် ကြိုတင် ထုပ်ပိုးထားပါရန် အသိပေးအပ်ပါသည်။

  8. 8

    Day ၈ · ရက်စွဲ ထပ်မံကြေညာမည်

    ချုံချင်း - ရန်ကုန်

    Jiefangbei square in downtown Chongqing
    Jiefangbei — ချုံချင်းနှင့် နှုတ်ဆက်ခြင်း
    • နံနက်အစောပိုင်းတွင် ဟိုတယ်မှ Check-out ပြုလုပ်ကာ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။
    • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိပြီး CHAMPION China Incentive Trip ကို အောင်မြင်စွာ အဆုံးသတ်ပါမည်။
    • (၈) ရက်တာ ခရီးစဉ်အတွင်း ဖန်တီးခဲ့သော အမှတ်တရများသည် CHAMPION နှင့်အတူ အမြဲအမှတ်ရနေမည်ဟု မျှော်လင့်ပါသည်။
    • CHAMPION ကို အစဉ်အမြဲ ယုံကြည်အားပေးခဲ့ကြသည့် Dealer မိတ်ဖက်ကြီးများအား အထူးကျေးဇူးတင်ရှိပါသည်။
    ✈️ Return to Yangon💙 CHAMPION Memories🤝 Thank You, Dealers

ခရီးသွားရက်: January 2027 ( ရက် အတိအကျအား ပြန်လည်ကြေညာပါမည် ) · ၇ ညအိပ် / ၈ ရက်။ ဟိုတယ်နှင့် လေယာဉ်အသေးစိတ်ကို မကြာခင် ကြေညာပေးပါမည်

ခရီးစဉ်လမ်းကြောင်း

YANGONCHINAYANGON

Round Trip
  1. ရန်ကုန်
  2. ချုံချင်း
  3. ကျန်ကျားကျဲ
  4. ချုံချင်း
  5. ဝူလုံ
  6. ချုံချင်း
  7. ရန်ကုန်

ခရီးစဉ် လျာထားချက် ကို ဖော်ပြပေးထားခြင်း ဖြစ်ပါသည် ။ အတည်ပြုပြီးက ပြန်လည် ဖော်ပြပေးပါမည် ။

Travel Guidelines

ခရီးမထွက်မီ သိထားသင့်သော အချက်များ

၁။ ခရီးသွားစာရွက်စာတမ်း

  • Passport နှင့် Tour Company မှ ထုတ်ပေးထားသော Visa စာရွက်၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking အတည်ပြုစာရွက်များကို ခရီးစဉ်တစ်လျှောက် လုံခြုံစွာ သိမ်းဆည်းထားပေးပါရန်။

၂။ ငွေပေးချေမှုနှင့် ဆက်သွယ်ရေး

  • တရုတ်နိုင်ငံအတွင်း ဆက်သွယ်ရေးနှင့် နေ့စဉ်အသုံးပြုမှုများ ပိုမိုအဆင်ပြေစေရန် WeChat Account ကို ခရီးမထွက်မီ ကြိုတင်ဖွင့်ထားပေးပါရန်။

  • ငွေကြေးအသုံးပြုမှုအတွက် US Dollar (USD) ယူဆောင်လာနိုင်ပြီး တရုတ်နိုင်ငံအတွင်း တရုတ်ယွမ်ငွေ (RMB) သို့ အလွယ်တကူ လဲလှယ်အသုံးပြုနိုင်ပါသည်။

  • Visa နှင့် Mastercard နိုင်ငံတကာ ငွေပေးချေကတ်များကိုလည်း နေရာအများစုတွင် အသုံးပြုနိုင်ပါသည်။

  • Alipay Account ရှိပါက ငွေပေးချေမှုများကို ပိုမိုလျင်မြန်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါသည်။

  • တရုတ်နိုင်ငံတွင် Google ဝန်ဆောင်မှုများကို တိုက်ရိုက်အသုံးပြုနိုင်ခြင်း မရှိနိုင်ပါ။ ထို့ကြောင့် အင်တာနက်အသုံးပြုမှု ပိုမိုအဆင်ပြေစေရန် Travel eSIM ကို ခရီးမထွက်မီ ကြိုတင်ဝယ်ယူအသုံးပြုရန် အကြံပြုအပ်ပါသည်။

၃။ ရာသီဥတုနှင့် ဝတ်စားဆင်ယင်မှု

  • ဒီဇင်ဘာလသည် ဆောင်းရာသီဖြစ်သဖြင့် Chongqing၊ Wulong နှင့် Zhangjiajie ဒေသများတွင် အေးမြသော ရာသီဥတုကို ကြုံတွေ့ရပါမည်။ အထူးသဖြင့် တောင်ပေါ်ခရီးစဉ်များတွင် အပူချိန်သည် 0°C ဝန်းကျင်အထိ ကျဆင်းနိုင်သဖြင့် အနွေးထည်၊ လည်ပင်းပတ်စည်း၊ ဦးထုပ်နှင့် လက်အိတ်များကို ယူဆောင်လာပေးပါရန်။

  • တောင်ပေါ်နှင့် သဘာဝရှုခင်းများကို လမ်းလျှောက်လေ့လာရသည့် အစီအစဉ်များ ပါဝင်သဖြင့် သက်တောင့်သက်သာရှိပြီး ခြေချော်မှုကို လျှော့ချပေးနိုင်သော ဖိနပ်ကို ဝတ်ဆင်လာပေးပါရန်။

  • ရာသီဥတုအခြေအနေအရ မိုး သို့မဟုတ် နှင်းကျနိုင်သဖြင့် ပေါ့ပါးသော မိုးကာအင်္ကျီတစ်ထည် ယူဆောင်လာပေးပါရန်။

၄။ ကျန်းမာရေး

  • မိမိပုံမှန်သောက်သုံးနေသော ဆေးဝါးများနှင့် လိုအပ်နိုင်သည့် ကိုယ်ပိုင်ဆေးဝါးများကို လုံလောက်စွာ ယူဆောင်လာပေးပါရန်။

  • ဆောင်းရာသီဖြစ်သဖြင့် ရေနွေးသောက်သုံးခြင်းနှင့် ခန္ဓာကိုယ်နွေးထွေးမှုကို ဂရုစိုက်ပေးပါရန်။

  • နှလုံး၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအပါအဝင် ကျန်းမာရေးအခြေအနေတစ်စုံတစ်ရာရှိပါက ခရီးမထွက်မီ ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်ပါက Tour Leader အား ကြိုတင်အသိပေးပေးပါရန်။