ရင်ခုန် ပျော်ရွှင်CHAMPION ခရီးစဉ်CHINA Trip ၏
လည်ပတ်မည့် နေရာများ
ကြိုတင် ခံစား ကြည့်ရှုနိုင်ပါပြီ....
ခရီးစဉ် လမ်းကြောင်း
Yangon → Chongqing
Zhangjiajie · Wulong · Yangon
ခရီးထွက်မည့် အချိန်
January 2027
ရက်အတိအကျ ထပ်မံကြေညာမည်
ခံစားခွင့်
Dealer · 1 Person
Twin Sharing
တည်းခိုမည့် ဟိုတယ်
5★ / 4★
မနက်စာ အပါအဝင်
မြို့
3
ည
7
ရက်
8
ရည်မှန်းချက် သိန်း ၅၀၀ · ၁.၇.၂၀၂၆ – ၂၈.၂.၂၀၂၇
01 · Chongqing
ချုံချင်း
6 နေရာ
02 · Zhangjiajie
ကျန်ကျားကျဲ
5 နေရာ
03 · Wulong
ဝူးလုံ
2 နေရာ
ခရီးမထွက်မီ သိထားသင့်သည့် အချက်အလက်များ
ခရီးစဉ်တွင် ဘာတွေ ပါဝင်သလဲ၊ ဘာတွေ ကြိုတင် ပြင်ဆင်ရမလဲ ဆိုတာကို တစ်နေရာတည်းမှာ စုစည်း ဖော်ပြထားပါသည်။
What's Included
- Yangon ↔ Chongqing အသွားအပြန် လေယာဉ်လက်မှတ်
- China Visa ဆောင်ရွက်ပေးခြင်း (စာရွက်စာတမ်း ပြည့်စုံပါက)
- ဟိုတယ် ၇ ည (၅ ကြယ် & ၄ ကြယ် အဆင့်, Twin Sharing)
- နေ့စဉ် နံနက်စာ / နေ့လည်စာ / ညစာ
- မြို့တွင်း အမြန်ရထား နှင့် ကားခ အားလုံး
- လည်ပတ်မည့် နေရာများ၏ ဝင်ကြေး (Cable Car, Bailong Elevator အပါအဝင်)
- မြန်မာလို ရှင်းပြပေးမည့် Tour Leader / လမ်းညွှန်
Not Included
- Passport ပြုလုပ်ခြင်း စရိတ်
- ကိုယ်ပိုင် ဈေးဝယ်ခြင်း နှင့် Extra KG
- အထူးတောင်းဆိုသော Single Room စရိတ်
- စာရင်းတွင် မပါဝင်သော အပိုခရီးစဉ်များ
ကြိုတင် ပြင်ဆင်ရမည့် အချက်များ
Travel Documents
Passport နှင့် Tour Company မှ ထုတ်ပေးထားသော Visa စာရွက်၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking အတည်ပြုစာရွက်များကို ခရီးစဉ်တစ်လျှောက် လုံခြုံစွာ သိမ်းဆည်းထားပေးပါရန်။
Passport
Passport သက်တမ်း (၆) လ အထက် ကျန်ရှိရမည်ဖြစ်ပြီး Chongqing ↔ Zhangjiajie အမြန်ရထား စီးရာတွင်လည်း Passport ကိုယ်နှင့်မကွာ ဆောင်ထားရပါမည်။
Money
US Dollar (USD) ယူဆောင်လာနိုင်ပြီး တရုတ်ယွမ် (RMB) သို့ အလွယ်တကူ လဲလှယ်နိုင်ပါသည်။ Visa / Mastercard ကို နေရာအများစုတွင် အသုံးပြုနိုင်ပြီး Alipay Account ရှိပါက ငွေပေးချေမှု ပိုမိုလျင်မြန်ပါမည်။
Connectivity
WeChat Account ကို ခရီးမထွက်မီ ကြိုတင် ဖွင့်ထားပါ။ တရုတ်နိုင်ငံတွင် Google ဝန်ဆောင်မှုများ တိုက်ရိုက် အသုံးပြု၍ မရသဖြင့် Travel eSIM ကို ကြိုတင် ဝယ်ယူထားရန် အကြံပြုအပ်ပါသည်။
Weather & Clothing
ဆောင်းရာသီဖြစ်၍ Chongqing၊ Wulong နှင့် Zhangjiajie တွင် အေးမြပြီး တောင်ပေါ်၌ ၀°C ဝန်းကျင်အထိ ကျဆင်းနိုင်ပါသည်။ အနွေးထည်၊ လည်ပင်းပတ်စည်း၊ ဦးထုပ်၊ လက်အိတ်တို့ ယူဆောင်လာပေးပါရန်။
Baggage & Footwear
အခြေခံ ၂၀ ကီလို (Check-in) + ၇ ကီလို (Hand Carry)။ တောင်ပေါ်နှင့် သဘာဝရှုခင်း လမ်းလျှောက်ခရီးစဉ်များ ပါဝင်သဖြင့် ခြေချော်မှု လျှော့ချနိုင်သော ဖိနပ်နှင့် ပေါ့ပါးသော မိုးကာအင်္ကျီ တစ်ထည် ပါစေပါ။
Health
ပုံမှန် သောက်သုံးနေသော ဆေးဝါးများ လုံလောက်စွာ ယူဆောင်ပါ။ နှလုံး၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်း ရောဂါရှိပါက ခရီးမထွက်မီ ဆရာဝန်နှင့် တိုင်ပင်ပြီး Tour Leader အား ကြိုတင် အသိပေးပါရန်။
Language
အဖွဲ့တွင် မြန်မာစကားပြော Tour Leader ပါဝင်သဖြင့် ဘာသာစကား စိုးရိမ်စရာ မလိုပါ။
Dealers များ မကြာခဏ မေးလေ့ရှိသည်များ
ခရီးစဉ်နှင့် ပတ်သက်သည့် စည်းကမ်းချက် အပြည့်အစုံကို သီးသန့် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။
Terms & Conditionsဒီခရီးစဉ်ဟာ သင့်အတွက် ဖြစ်နိုင်ပါတယ်
Campaign ကာလအတွင်း Target ပြည့်မီပါက ဒီ ရက် ၈ ရက်ကို သင်ကိုယ်တိုင် ခံစားရမှာ ဖြစ်ပါတယ်။ လက်ရှိ တိုးတက်မှုကို Dashboard မှာ စစ်ဆေးနိုင်ပါပြီ။

